Friday, April 29, 2011

ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ် ကမ္ဘာ့အလုပ်သမားနေ့ နားမည်မဟုတ်

ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့ ၊ အပ်စိုက်ကုပညာရှင်များအသင်း(정침학회) တို့ ညှိနှိုင်းဆောင်ရွက်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို လာမည့် တနင်္ဂနွေ ကမ္ဘာ့အလုပ်သမားနေ့တွင်လည်း အနားယူမည်မဟုတ်ပဲ ခါတိုင်း တနင်္ဂနွေနေ့ကဲ့သို့ပင် ဆက်လက်ကုသပေးမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား)တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဒါနပြု ကုသပေးလျက်ရှိကြောင်း ၊ ထိရောက်စွာကုသပေးနိုင်ရန် အပတ်စဉ် လူနာ (၃၀)ဦး အထိကိုသာ ဦးရာလူ စနစ်ဖြင့် လက်ခံကုသပေးလျက်ရှိကြောင်း ၊ ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးကူညီထားကြောင်း သိရသည် ။

ကြိုတင်စာရင်း ပေးလိုသူများ ၀၁၀-၃၇၁၉-၂၄၇၄ ထံ ဆက်သွယ်စာရင်းပေးနိုင်သည်ဟု ဆိုပါသည် ။

No comments: