ဤပို့စ်တင်ရခြင်းမှာ စီးကရက်သောက်သည့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေကြသော ရွှေညီအစ်ကိုများနှင့်စီးကရက်သောက်သူများကိုရည်ရွယ်ပါသည်။
စာရိုက်သူမှာ ဆရာဝန်၊ဆေးကျောင်းသားလည်းမဟုတ်ပါ။မြန်မာပြည်မှာရှိစဉ်ကတည်းက ဆေးပညာဆောင်းပါး၊စာအုပ်တို့ကို ဖတ်ရတာ နှစ်သက်ခုံမင်သည့်အတွက် ဇီဝက၊အာရောဂျံ မဂ္ဂဇင်းတို့ကို လစဉ်မှာယူကာ ဖတ်ခဲ့သည်။ယခုရေးမည့် စာများဟာလည်း မိမိမှတ်သားထားသော ဗဟုသုတများကိုပြန်လည်စဉ်းစားကာရေးသားထားကြောင်း ရဲရဲကြီးအာမခံပါသည်။
ပြီးခဲ့သောတပတ်က အစ်ကိုတစ်ယောက် ဆေးလိပ်သောက်နေတာတွေ့သဖြင့် စပ်စပ်စုစုမေးကြည့်မိသည်။“အစ်ကို တစ်ပတ်ကိုဆေးလိပ်ဘယ်နှစ်ဘူးလောက်ကုန်လဲ မေးကြည့်တော့ သူက တပတ်ကို၎ဘူး၅ဘူး တစ်လဆိုရင်၂တောင့်လောက်တော့ကုန်တာပေါ့ကွာ”ဟုဖြေပါတယ်။သူပြောလိုက်သည်မှာပေါ့ပေါ့ကလေးပင်ဖြစ်သည်။
တကယ်တမ်း စဉ်းစားကြည့်လျှင်ရင်နာစရာ ကောင်းလှသည်။တစ်ပတ်ကို တစ်သောင်းပဲထား၊တစ်လ၄သောင်းကျော် ကုန်သည်။အဲဒီပိုက်ဆံသည် မြန်မာပြည်တွင် သာမာန်လူတန်းစားတစ်ယောက်
တစ်လလုံး အလုပ်လုပ်ကာရလာသော လစာငွေနဲ့ညီမျှသည်။
မည်သို့မျှအကျိုးမပြုပဲ ကျန်းမာရေးကိုထိခိုက်စေသော စီးကရက်ကို ပင်ပင်ပန်ပန်းရှာထားသည့် ငွေနှင့်ဝယ်ကာ ဖြန်းတီးသည်။မီးရှို့ ထွက်လာသော ကာဗွန်မိုနောက်ဆိုဒ်(အဆိပ် ဓတ်ငွေ.ဟုဆိုချင်သည်)ကို ရှုရှိက်ကာ
ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာအောင် မိမိကိုယ်မိမိ လုပ်မှန်းမသိလုပ်နေသည်ဟု ထင်သည်။
ဒီနိုင်ငံလူမျိုးတွေကောင်းစားဖို့ ၊ဒီနိုင်ငံအစိုးရ
အခွန်အတုတ်တွေ များများရဖို့ တဖက်တလမ်းမှ အုတ်တစ်ချပ်၊သဲတစ်ပွင့်မျှ ပါဝင်ပေးနေကြသည်ဟု ဆိုလျှင် လွန်လေမလား မသိ။
ကျွှန်တော်တို့နိုင်ငံခြားလာ ပိုက်ဆံရှာ ကြသည်မှာ မိမိအကျိုးစီးပွား၊နိုင်ငံအကျိုးစီးပွား အတွက်မဟုတ်ပါလား။
စီးကရက်ကို ဖြတ်နိုင်လျှင်ဖြတ်ကြည့်စေချင်သည်။
မဖြတ်နိုင်လျှင် “ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်”ဆိုသလို ပြည်တွင်းဖြစ် (မိတ် အင် မြင်းခြံ)သနပ်ဖက်ဆေးပေါ့လိပ်ဖြင့် အစားထိုးစေချင်သည်။
ဆေးပေါ့လိပ်သည် စီးကရက်လောက် ဒုက္ခမပေး ဟု မြန်မာနိုင်ငံဆေးသုတေသနဌာနမှ ထုတ်သော ကြေငြာချက်စာတမ်းတစ်စောင်တွင်
ပါရှိသောကြောင့် ထိုသို့ညွှန်းဆိုခြင်းဖြစ်သည်။အဆိုးထဲက အကောင်းကို ရသလောက်ဆွဲထုတ်နိုင်သောသူသည် တန်းဖိုးရှိသောသူဖြစ်သည်။သို့သော်ကျန်းမာရေးအတွက် ဆေးလိပ်နဲ့စီးကရက် ဘယ်ဟာမှမကောင်း။ဗြိစုံနှင့်ဗြုံစိ မျှသာဖြစ်သည်ဟုဆိုချင်သည်။
စီးကရက်သောက်သည့် သူ ဖြစ်သော ကင်ဆာရောဂါ အမျိုးမျိုး၏ အဓိက တရားခံမှာ စီးကရက်ဖြစ်သည်။
အဆုတ်ကင်ဆာရောဂါ၏ အဓိက ပဲ့ကိုင်ရှင်မှာ စီးကရက်ပင်ဖြစ်သည်။အဆုတ်
ကင်ဆာရောဂါ မည်ကဲ့သိုဖြစ်လာမှန်း မသိပင်မဲ့ ကင်ဆာရောဂါ၏ သဘောတရားကိုတော့
နားလည်ထားသလောက် ရှင်းပြချင်သည်။ကျွှန်တော်တို့အရေပြားလေးအား ဓားဖြင့် ရှကြည့်မည်ဆိုလျှင်
အလွန်သေးငယ်သော ဆဲလ်လေးများပျက်စီးသွားသည်။ဥပမာ ဆဲလ် ၁၀ခု ပျက်စီးသွားသည်ဆိုပါစို့။
မိမိတို့ခန္တာကိုယ်အတွင်းရှိ အန်တီဘော်ဒီးစ်(antibodies)တွေကပျက်စီးသွားသော ဆဲလ် အရေအတွက်ကိုသာ ပြန်လည်ဖြည့်တင်းပေးသည်။မူမမှန်သော
အန်တီဘော်ဒီးစ် တွေက အထိန်းအကွတ်မရှိ ထုတ်လွှတ်တော့သည်။လိုအပ်သည်ထက် ပိုထုတ်သောအခါ တဖြည်းဖြည်း ဆဲလ်တွေစုပုံလာပြီးအကျိတ်အခဲဖြစ်လာသည်။ထို အကျိတ်ကို ကင်ဆာအကျိတ်ဟုခေါ်သည်။
အဆုတ်ထဲမှာ အလွန်သေးငယ်သော အခန်းငယ်ကလေးများရှိပါတယ်။အဲဒီအခန်းငယ်ကလေးများမှာ အလွန့်အလွန်သေးငယ်သော အမွေးကလေးတွေရှိပါသည်။အဲဒီအမွေးကလေးတွေက အဆုတ်ထဲဝင်လာသော ဖုန်မှုန့်၊လေထဲပြန့်လွှင့်နေသော ပန်းတို့ဝတ်မှုန်၊virus တို့ကိုပြန်လည်ရှင်းထုတ်သည်။စီးကရက်များများသောက်သောသူများတွင် ထိုအမွေးငယ်ကလေးများ မရှိတော့ပေ။ထိုကြောင့် အန္တရာယ်တွေ လွယ်ကူစွာဝင်ရောက်လာနိုင်တော့သည်။
ပထမဦးစွာမိမိတို့ရှုသွင်းရာတွင်ပါလာသော လေထဲရှိ အမှုန်အမွားများကို နှာခေါင်းအတွင်း အမွေးကလေးများက ကပ်ယူထားလိုက်သည်။(အမှုန်အမွားများလာသော အခါ နှပ်ချီးဖတ် ဖြစ်လာသည်။)ထိုမှတဆင့် အဆုတ်က သန့်စင်ရတော့လေသည်။စီးကရက် များများသောက်သော သူများတွင် ထိုအမွေးကလေးများ မရှိတော့ပေ။ကာဗွန်မိုနောက်ဆိုဒ်ခေါ် အဆိပ်ဓတ်ငွေ့က ထိုအမွေးကလေးများကို တိုက်စားသွားသည်။ထိုကြောင့် စီးကရက် မသောက်သောသူများထက် ပို၍ အဆုတ်ခမျာ အလုပ်လုပ်ရတော့သည်။နေစဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်နေရသော အဆုတ် တနေ့ နေ့တော့ကျန်းမာရေးချွတ်ယွင်းလာတော့သည်။အဆုတ်ကိုမှီခိုကာ အလုပ်လုပ်နေရသော အခြား ကလီစာများဟာလည်း လုပ်ရည်ကိုင်ရည် ကျလာတော့သည်။ကုမရတော့သည့်အဆုံး ယန္တရားကြီးတစ်ခုလုံးရပ်တန့်သွားနိုင်သည်။
အဆုတ်မကောင်းသည် စီးကရက် သောက်သော သူများ စကားပြောသည်အခါ အမြဲတမ်း ဆေးရွက်ကြီးအပုတ်နံ ထွက်နေတတ်သည်။ကိုယ့် မျက်ချီးကိုယ် မြင်မည်မဟုတ်ပေ။(စာရိုင်းသွားလျှင် ခွင့်လွတ်ပါ။)သူတို့၏ ချစ်သူ၊ဇနီးမယား တို့ကတော့ ချစ်လို့အားနာ၍သော်လည်းကောင်း၊မလွန်ဆန်နိုင်၍သော်လည်းကောင်း ဖွင့်ဟမပြောချင်ပေမဲ့ ရင်ထဲမှာတော့ တဖွဖွပြောနေမည်မှာ သေချာပါတော့သည်။
လူကို မည်သို့မျှအကျိုးမပြုပဲ ကျန်းမာရေးကိုထိခိုက်စေသော စီးကရက်သောက်ခြင်းမှ
ကင်းဝေးနိုင်ပါစေရန် ရည်သန်လျက်
ကြိုးစားပါဦးမည်....
အောင်ခိုင်(မန်း)
Thursday, May 21, 2009
စီးကရက်သောက်သော ရွှေညီအစ်ကိုများထံသို့ အိတ်ဖွင့်ပေးစာ
Subscribe to:
Post Comments (Atom)
1 comment:
တို့ကတော့ ဆေးလိပ် မသောက်သူမို့ ဒီစာကို အားပေးတယ်။
Post a Comment