Sunday, September 30, 2012
ရခိုင်ဒေသခံဒုက္ခသည်များအတွက် ကိုးရီးယားနိုင်ငံရောက်ရခိုင်လူငယ်များနှင့် တိုင်းရင်းသားညီအကိုများမှ စုပေါင်းလှူဒါန်းပွဲ
ရေးသားသူ —စိုင်းဒြား 
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ဗြဟ္မစိုရ်လမ်း
ဦးခေါင်းတွေပေါ် မတ်တပ်ရပ်ချင်သူတွေ
များလွန်းတဲ့ ခေတ်ထဲ
ကျနော်က ခြေထောက်တွေ အောက်မှာ ပျော်မွေ့တယ်။
သစ်စေ့လေးတစ်စေ့ကို
ကမ္ဘာမြေကြီးက ပွေ့ပိုက်ထားသလို
ကျနော် အဲဒီ ခြေထောက်တွေကို တယုတယ ပွေ့ပိုက်မယ်။
အဲဒီ ခြေထောက်တွေ အောက်မှာ
နှလုံးသားကို ဖြန့်ခင်းရင်း ခြေထောက်တွေကို
သူတို့ရဲ့ မျှော်လင့်ချက်တွေဆီရောက်အောင် ပို့ပေးမယ်။
မျှော်လင့်ချက် တူရာကို လျှောက်လှမ်းမယ့်
ခြေထောက်တွေ များလာတဲ့အခါ
ကျနော့် နှလုံးသားပေါ် လမ်း ဖြစ်လာလိမ့်မယ်။
မျှော်လင့်ချက်လမ်းမပေါ်
လျှောက်လှမ်းနေတဲ့ ခြေထောက်တွေက
တစ်နေ့နေ့ ပန်းတွေ ပွင့်မလာဘူးလို့ ဘယ်သူ ပြောနိုင်လဲ။
ကမ္ဘာမြေပေါ်က
အခြားသော ပန်းပွင့်တွေလိုပဲ
အဲဒီ ခြေထောက်တွေက ပွင့်လာမယ့် ပန်းရနံ့တွေဟာ
မြစ်တွေလို ကျနော့် နှလုံးသားပေါ် စီးဆင်းရင်းက
ဟောဒီ ကမ္ဘာလောကကြီးကို ကျော်လွန်ပြီး
စကြာဝဠာအနှံ့ မွှေးရနံ့တွေပေးဖို့ တစ်ခုပဲ ကျနော် မျှော်လင့်တယ်။ ။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး တောင်ကိုရီးယားနိုင်ငံသို့ ကြွရောက်တော်မှု
ရေးသားသူ — ရန်နိုင်ထွန်း(ပြန်ကြားရေး)
                ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် မင်္ဂလာတိုက် မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ ဗုဒ္ဓ သာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး သည် ယနေ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက် စနေနေ့ တောင်ကိုရီးယား ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင် အမေရိကန်နိုင်ငံ(Los Angeles) မှ   ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အောင်မြင်စွာ ကြွရောက်တော်မူခဲ့ပါသည်၊
      တောင်ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် အဖြစ် ကြွရောက်တော်မှု လာသည့် ဆရာတော် ဘုရားသည်
ကိုရီးယား နိုင်ငံသို့ ရောက်ရှိစဉ် အချိန် ကာလအတွင်း ဗုဒ္ဓ သာသနာပြု ခရီးစဉ်များနှင့် ဓမ္မပူဇနိယ တရားပွဲအစီ
အစဉ်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူမှူအဖွဲ့ အစည်း စုံညီစွာဖြင့် ဓမ္မပူဇနိယ အထူးတရားသဘင်ပွဲကို
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်  ကိုရီးယားနိုင်ငံ၏ ကောက်သစ်စားပွဲ ဖြစ်သော ချုးဆော့
ပိတ်ရက်တွင် မြန်မာအသင်း(ကိုရီးယား)၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ကိန်းဝပ် စံပ္ပါယ်တော်မှုသည့် (ဆော့ဂွမ်ဆာဗုဒ္ဓဘုရားကျောင်း) ဖူချွန်းမြို့ တွင်၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက် တနလာင်္နေ့  မွန်းတည့်(၁၂) နာရီတိတိအချိန်တွင် ဟောကြားတော်မှုမည်ဖြစ်ပါသဖြင့်၊နေ့ လည်(၁၁း၃၀)
အချိန်တွင်၊ ဆော့ဂွမ်ဆာ ကျောင်းတော်သို့ အရောက်လာပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
ခပ်သိမ်းသော အလှူတို့တွင် ဓမ္မအလှူသည် အမြတ်ဆုံးဖြစ်သည်၊၊
ရန်နိုင်ထွန်း
၈၂+၀၁+၈၇၂၃-၄၇၇၃
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Saturday, September 29, 2012
တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ် သမိုင်းအကျဉ်း
မြန်မာအသင်း(ကိုရီးယား)မှ ကိုရီးယား နိုင်ငံမှာ မြန်မာနိုင်ငံမှ ပင့်ဆောင် ပူဇော်ထားပြီး ကိုရီးယားနိုင်ငံ ကောက်သစ်စားပွဲတော် ချုးဆော့ အလုပ်ပိတ်ရက်ရှည်အတွင်း ကျင်းပတဲ့ တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်ကို မကြုံဖူးသေးတဲ့ သူတွေနဲ့ ကြုံဖူးသော်လည်း တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ရဲ့ သမိုင်းကို မသိရှိသေးသူတွေ အတွက် သမိုင်းအကျဉ်းကို ဖော်ပြလိုက်ပါတယ်။
မြန်မာအသင်း(ကိုရီးယား)မှ ၁၉၉၇ခုနှစ် သြဂုတ်လတွင် ဗုဒ္ဓရုပ်ပွားတော်မြတ် တဆူကို မြန်မာနိုင်ငံမှ ကိုရီးယား နိုင်ငံသို့ ပင့်ဆောင်ပူဇော်ရန် သဘောတူ တိုင်ပင် ဆုံးဖြတ်ခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ် လှူဒါန်း ပူဇော်နိုင်ရန် ၁၉၉၈ခုနှစ် မတ်လ ၁၅ရက်နေ့တွင် IRRON CROSS တေးဂီတ အဖွဲ့နှင့် နာမည်ကြီး အဆိုတော်များဖြင့် စင်တင် တေးဂီတပွဲ ကျင်းပ၍ ရံပုံငွေ ရှာဖွေခဲ့သည်။ သို့သော် ကိုရီးယား နိုင်ငံ၏ စီးပွားရေးကျဆင်းမှု ပြဿနာ များကြောင့် ထင်သလောက် မအောင်မြင်ခဲ့ပေ။
သို့သော် အလှူတော်ငွေ ကောက်ခံရာတွင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသား များမှ သဒ္ဓါတရား ထက်သန်စွာ အင်တိုက် အားတိုက် လှူဒါန်း ခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အတွင်းမှလည်း အလှူရှင် ဒေါ်အေးမာနှင့် တူဖြစ်သူ (ထိုအချိန်က ကိုရီးယားနိုင်ငံတွင်ရှိသော) ကိုအေးကြူ တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူရန်နှင့် သီဟာသန ပလ္လင်တော်အား မျက်နှာစာအပြည့် ရွှေချရန် လိုအပ်သည့် ငွေကြေးကို လှူဒါန်းခဲ့ပါသည်။
ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင် ပူဇော်ရေးအတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်ခဲ့ပါသည်။
(က) ဆရာတော် ဦးဝိလာသ (မြင်းဝန်တိုက် ဧရာဝတီကျောင်း မန္တလေးမြို့)
(ခ) ဘုန်းတော်ကြီး လင်ရောင်ဒမ် (ဦးစီးပဓာန ဆရာတော် ဆော့ဂွမ်ဆာ ဗုဒ္ဓဘာသာ                 
                                            ဘုန်တော်ကြီးကျောင်း ဘူချွှန်းမြို့ ကိုရီးယား)
တို့ကို နာယက ဆရာတော်များအဖြစ် ဆောင်ရွက်ပေးပါရန် လျှောက်ထားခဲ့ပြီး
နာယက အဖွဲ့ဝင်များအဖြစ်-
(၁) ဒေါက်တာခင်မောင်ညွှန့် (အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ယဉ်ကျေးမှုနှင့်
                                     သမိုင်းဋ္ဌာန ပါမောက္ခ)
(၂) ဦးအေးနိုင်(ဓမ္မာစရိယ)
(၃) ဦးသန်းအောင် (အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ)
(၄) ဦးဝင်းကို (မော်ကွန်းထိန်း၊ ရန်ကုန်တက္ကသိုလ်)
(၅) ဦးမြင့်ဦး (ဆုစာပေ)
(၆) ဦးတင်လှ(အငြိမ်းစား ရုံးအဖွဲ့မှူး၊ သတ္ထုတွင်း ဝန်ကြီးဋ္ဌာန)
(၇) ဦးကျော်သောင်း(ပန်းချီ)
(၈) ဦးအောင်ကျော်စိုး           
တို့အား မြန်မာနိုင်ငံအတွင်းမှ လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများ အသေးစိတ် ဆောင်ရွက်နိုင်ရန်အတွက် ထိုအချိန်က မြန်မာအသင်း ဥက္ကဋ္ဌ ဦးဝင်းဖေ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး ဦးလှမြင့်ဦး(ကိုဦး-မြန်မာစာ)နှင့် အတူ လက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ် စတင်ထုလုပ်နိုင်ရန် ဦးစီးပဓာန ဆရာတော် ဦးဝိလာသမှ မန္တလေးမြို့မြောက်ဖက်ရှိ စကျင်တောင်မှ အကောင်းဆုံး စကျင်ကျောက်ဖြူသား စစ်စစ်ကို ဝယ်ယူပြီး မန္တလေးမြို့ ကျောက်ဆစ်တန်းမှ မြန်မာ့ရိုးရာ ကျောက်ဆစ်ပညာရှင် ̏ဆရာကြီးဦးမြို့နှင့်သားများ̋ ထံတွင် အပ်နှံပြီး အမြင့်၉ပေရှိ သီဟာသန ပလ္လင်တော်ကို မန္တလေးမြို့ ဘုရားကြီး မြောက်ဖက်တန်းရှိ ̏ကမ္ဘာကျော်ကြေးသွန်းလုပ်ငန်း̋ မှ ဦးစီးကာ မြန်မာ့ကျွှန်းသစ်များဖြင့် ခန့်ညားထည်ဝါစွာ အကောင်းဆုံးဖြစ်အောင် ထုလုပ်စေခဲ့ပါသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်တော်ကို ဆရာတော် ဦးဝိလာသ၊ နာယက အဖွဲ့ဝင် ဒေါက်တာခင်မောင်ညွှန့် နှင့် ဦးအေးနိုင်(ဓမ္မာစရိယ)တို့ တိုင်ပင်၍ တိလောကမုနိ ဟူသော ဘွဲ့အမည်တော်ကို ဆက်ကပ်ခဲ့ပါသည်။
မန္တလေးမြို့မှ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေရင်အေး ဓမ္မဗိမာန်တော်သို့ ၁၉၉၈ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့ ညနေ ၅နာရီတွင် ပင့်ဆောင်ခဲ့သည်။ ၁၉၉၈ခုနှစ် စက်တင်ဘာလ ၂၃ရက်(ဗုဒ္ဓဟူး)နေ့ နံနက် ၁ဝနာရီ အချိန်တွင် ရွှေရင်အေး ဓမ္မဗိမာန်တော်တွင် ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးကောသလ္လ အမှူးပြုသော သံဃာတော် (၁ဝ)ပါးတို့က တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်။
၁၉၉၈ခုနှစ် အောက်တိုဘာလ ၂၃ရက်(သောကြာ)နေ့ ည ၇နာရီ ၁၅မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်လေကြောင်းလိုင်း(ANA)ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုမှတဆင့် ထိုင်းလေကြောင်း(TG)ဖြင့် ကိုရီးယားနိုင်ငံ ကင်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၉၉၈ခုနှစ် အောက်တိုဘာလ ၂၅ရက်(တနင်္ဂနွေ)နေ့ နံနက် ၇နာရီတွင် ကြွရောက်တော်မူလာခဲ့သည်။
ကိုရီးယားနိုင်ငံ အခွန်ဋ္ဌာနမှ အခွန်ငွေ အဖြစ် အမေရိကန် ဒေါ်လာ (၄ဝ,၆၉၆) ပေးဆောင်ရန် တောင်းဆိုခဲ့ရာ မပေးဆောင်နိုင်သည့် အတွက် ရက်သတ္တ(၃)ပတ်ကျော် ထုတ်ယူဖူးမြော်ခွင့် မရခဲ့ပေ။
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် ဆော့ဂွမ်ဆာ ဘုန်းတော်ကြီး၊ ကိုရီးယား ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံတို့မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ ပန်ကြားပေးမှုကြောင့် အခွန်ကင်းလွတ်ခွင့် ရပြီး ၁၉၉၈ခုနှစ် နိုဝင်ဘာလ ၁၈ရက် နေ့တွင်မှ ယခု ကိန်းဝပ်စံပယ်ရာ ဆော့ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင် ပူဇော်နိုင်ခဲ့ပါသည်။
၁၉၉၈ခုနှစ် နိုဝင်ဘာလ ၂၂ရက်(တနင်္ဂနွေ)နေ့တွင် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပူဇော်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပါသည်။ ထို ပူဇော်ပွဲကို ကမ္ဘာ့ထေရဝါဒ ဗုဒ္ဓသာသနာပြု ဆရာတော် အရှင်ဥာဏိသရ (သပိတ်အိုင် ဆရာတော်)မှ ရေစက်သွန်းချ တရားတော်ကို ဟောပြောချီးမြှောက်တော် မူခဲ့သည်။ ထိုနောက် နှစ်စဉ် ကိုရီးယားနိုင်ငံ၏ ကောက်သစ်စားပွဲ ဖြစ်သော ချုးဆော့ပိတ်ရက်တွင် ကျင်းပလာခဲ့သည်မှာ ယခုနှစ် (၂ဝ၁၂)ဆိုလျှင် (၁၄)ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
※ရန်နိုင်ထွန်း(လွတ်မြောက်နယ်မြေ ကိုရီးယား) ပြုစုရေးသားပြီး ရင်ခတ်ပန်း မဂ္ဂဇင်း တွင် ဖော်ပြထားသည့် ဆောင်ပါးအား မှီငြမ်း တင်ပြပါသည်။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Friday, September 28, 2012
အဆင်မပြေကတ်ဖုန်း အသုံးပြုနေရသူများ ချူးဆောက် မေတ္တာလက်ဆောင်ဖုန်းများ ဖြင့် လဲလှယ်အသုံးပြုနိုင်ပါကြောင်း
စက်တင်္ဘာ ၂၈ ၊ အင်ချောန်း
ကတ်ဖုန်း အသုံးနေကြသည့် မိတ်ဆွေအပေါင်းတို့ခင်ဗျား
မိတ်ဆွေတို့ အသုံးပြုနေကြသည့် ကတ်ဖုန်းများမှာ ၊ ဖုန်းကတ် ဝယ်ယူ ဖြည့်စွက်ရာတွင် အဆင်မပြေခြင်း ၊ အသံမကြည်လင်ခြင်း ၊ ဘက်ထရီမကောင်းခြင်း ၊ နံပတ်များမပေါ်ခြင်း စသည်ဖြင့် ၊ အဆင်မပြေခြင်းအဖြာဖြာ ဖြစ်နေသည်ဆိုပါက ၊ မိတ်ဆွေတို့အသုံးပြုနေသည့် လက်ကိုင်ဖုန်းများကို ချူးဆောက် လက်ဆောင်ဖုန်းများဖြင့် အခမဲ့ လဲလှယ်အသုံးပြုနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
[မေတ္တာလက်ဆောင်ဖုန်းမိုဒယ်များ ဤနေရာတွင် CLICK ရှုပါရန်]
လေးစားမှုဖြင့် -
တယ်လီတော်ကီ
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ဝမ် ၁၅,၀၀၀ နှင့် ရှမ်းစာ ဘူဖေး (Buffet) စားကြမယ်…
ရေးသားသူ — နမ့်ယင်း
ဒီနှစ် ကိုးရီးယားရဲ့ ချူဆော့က် ကာလမှာ ကောင်းကောင်းနားမယ် ကောင်းကောင်းစားမယ် ဆိုတဲ့ မိတ်ဟောင်း မိတ်သစ် သူငယ်ချင်း များအတွက်…
နမ့်ယင်းမှာ မြန်မာစာ ရှမ်းစာ မြိန်မြိန်စားယင်း…
အကုန်အကျ နည်းနည်းနဲ့ ပျော်ရွှင် ကျေနပ်မှု ရရှိနိုင်အောင်…
ရှမ်းစာ ဘူဖေးကို စီစဉ်လိုက်ပါတယ်…
ဘူဖေး ဟင်းလျာတွေကတော့ -
♦၁) မုံညင်းစော(အချဉ်ရည်)/တုံယမ်းဟင်းရည်
♦၂) နမ့်ယင်းကြက်ချဉ်စပ်
♦၃) ဝက်နံရိုးကြော်/ ကြက်ခြောက်ကြော်
♦၄) ကြက်ကုန်းဘောင် / ဝက်ကုန်းဘောင်
♦၅) ဝက်ပဲငပိ / ဝက်ချဉ်စပ်
♦၆) ပုဇွန် ချိုချဉ်
♦ရ) အမဲ ရှမ်းချဉ်
♦၈) တုတ်ထိုး ဝက်စုံသုပ်
♦၉) ကြာဇံကြော်
♦၁၀) အသီးအရွက် အစိမ်းကြော်
♦၁၁) ဝက်သားလုံး ကြော်ချက်
♦၁၂) သီးနှံ အချိုပွဲ
♦၁၃) ကောက်ညင်း လှော်စာ (ကဇော်)
…… စတာတွေ အပြင် Stout ဘီယာ တစ်လုံးစီလဲ ပါသေးတယ်နော့ …
လာဖြစ်အောင် လာဖို့လဲ ဖိတ်ခေါ်ပါတယ်…
♦ဘူဖေး အချိန်
နေ့လည် ၁၂း၀၀ မှ ၄း၀၀ ထိ တစ်ကြိမ်နှင့်
ညနေ ၆း၃၀ မှ ည ၁၀း၃၀ ထိ တစ်ကြိမ်
(၃၀၊၉၊၂၀၁၂ စနေနေ့ တစ်ရက်တည်းသာ)
(ချူဆော့က် ကာလ ၂၈-၉-၂၀၁၂ သောကြာနေ့မှ ၃-၁၀-၂၀၁၂ ဗုဒ္ဓဟူးနေ့အထိ ပိတ်ရက်မရှိ ဆက်တိုက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကျန် အချိန်များနှင့် ကျန်ရက်များ တွင် ပုံမှန်အတိုင်း နမ့်ယင်း menu များကို စားသောက်ရင်း တေးသီချင်းများ သီဆိုနိုင်ပါကြောင်း …)
လေးစားလျှက်..
နမ့်ယင်း
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Thursday, September 27, 2012
ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ချူးဆောက် (၂၀၁၂) ဓမ္မဒူတခရီးစဉ် ပြင်ဆင်
ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ကြွရောက်ချီးမြှင့်တော်မူမည့် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည်-
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။
၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၇ ရက် ။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
လင်းရောင်ခြည် ပရဟိတ မိသားစု ဧရာဝတီရေဘေး အတွက်လှူမည်
ရေးသားသူ — ကိုနိုင် (010-7218-7387)
လင်းရောင်ခြည်ပရဟိတ အသင်းသည် ဧရာဝတီ တိုင်းဒေသကြီး၊ဒါးကမြိုနယ်အတွင်းက ကျေးရွာများကို (၃၀.၉.၂၀၁၂) တနင်္ဂနွေနေ့တွင်သွားရောက်လှူဒါန်းမည်ဖြစ်ပါတယ်.မြန်မာပြည်မှ မိတ်ဆွေများလည်း ကိုယ်တိုင် ကိုယ်ကျ လိုက်ပါလှူဒါန်းလိုလျှင် လိုက်ပါလှူဒါန်းနိုင်ပါတယ်။လူဦးရေကန့်သတ်ထားသဖြင့် (၂၇.၉.၂၀၁၂)ထိနောက်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်။ကိုရီိးယားမှ ညီအစ်ကို မောင်နှမများကိုလင်းရောင်ခြည်မိသားစုလေးနဲ့မိတ်ဆက်ပါရစေ။ လင်းရောင်ခြည် မိသားစုကို ၂၀၁၁.၁.၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်. ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ။မြန်မာနိုင်ငံမြို့နယ်တချို့မှအက်ဒမင် အနည်းငယ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပထမအကြိမ်ဒဂုံမြို့သစ်အရှေ့ပိုင်း၊၁၅၅ရပ်ကွက် သိမ်ဂီလမ်းချမ်းသာအောင်သီလရှင် ပညာရေးကျောင်း ဒုတိယအကြိမ်လှိုင်သာယာမီးဘေး။တတိယအကြိမ် သောက်သုံးရေပြတ်လပ်မူအတွက် နာရေး ကူညီမူ(ရန်ကုန်)။စတ္ထုထအကြိမ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ရခိုင်အရေးအတွက်) လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နှစ်(၂)ကြိမ်လှူဒါန်းမည်ဖြစ်ပါတယ်။အသင်းဝင်အင်အားနည်းပါးနေခြင်း။ရံပုံငွေနည်းနေခြင်းကြောင့် နယ်မြို့များကိုကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ခြင်းမရှိသေးပါ။လင်းရောင်ခြည်မိသားစုအလှူပွဲများတွင်အထွေအသုံးစရိတ်များရှိလာရင် ကုန်ကျငွေကိုများကို အက်ဒမင်များမှသာ ကုန်ကျခံမည်ဖြစ်ပါတယ် ။ အလှူငွေများမှ ထည့်သွင်းသုံးစွဲမည်မဟုတ်ပါ။လင်းရောင်ခြည် အက်ဒမင်များ အဖွဲ့ဝင်များ များစွာ လိုအပ်နေပါတယ်။
စိတ်ပါဝင်စားသော ညီအစ်ကိုမောင်နှမပါဝင်ပူးပေါင်းကြပါရန် နွေးထွေးစွာဖိတ်ခေါ်အပ်ပါတယ် ။ အသေးစိတ် လေ့လာချင်ပါက -
http://www.linnyaungchi2011.co.cc/search?updated-max=2011-12-02T19:09:00-08:00&max-results=7
ဖေ့ဘွတ်စာမျက်နှာတွင်-
http://www.facebook.com/groups/linnyaungchi/ လေ့လာနိုင်ပါတယ်ခင်ဗျား ။
ရည်ရွယ်ချက်-
- ပြည်တွင်းကမိဘမဲ့ဘုန်းတော်ကြိးပညာသင်ကျောင်းများကို လှူဒါန်းရန်
- သဘာဝဘေးအန္တရာယ်နှင့်လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ရန်
လင်းရောင်ခြည်မိသားစုကို ဆက်သွယ်လှူဒါန်းလိုလျှင်-
ကိုရီးယားတာဝန်ခံများ
1. ကိုနိုင် (010-7218-7387)
ဘဏ်အမည် IBK ဘဏ်အကော င့်41803028801011(NAIGN ZAR LIN)
2. ကိုဝေလုအောင် (010-4225-7986)
ဘဏ်အမည် IBK ဘဏ်အကောင့်
418027662601014
3. ကိုလှမျိုး (010-2818-1984)
ဘဏ်အမည် IBK ဘဏ်အကောင့်64401138801011 4. ကိုနေ၀င်းထွန်း
01021423360
5. သီဟအောင်(010-2892-3309)
ဘဏ်-( IBK BANK 270 135 034 010 18)
6.
မလေးရှားနိုင်ငံမှ တာဝန်ခံများ
(Name) : ကိုဇော်လင်း (JB)@Kulai
(Email) :kz8311@gmail.com
(Phone) : 012-9422241
(Name) : ကိုယဉ်ဖြိုး (JB)Tampoi
(Email) : yinphyo.pyay@gmail.com
(Phone) : 017-7888459
(Name) : ကိုဝင်းဇော် (KL)@puchong
(Email) : winzaww4@gmail.com
(Phone) : 016-3510766
ရန်ကုန်မြို့မှ တာဝန်ခံများ
(Name) : ကိုသန်းညွန့်အောင် (ဆင်မလိုက်)
(Email) : yurithannyuntaung@gmail.com
(Phone) : 09-73902582
(Name) : မလှမြတ်သူ (မြောက်ဒဂုံ)
(Email) :tititoo@gmail.com
(Phone) : 09-73193797
: 09-73193798
(Name) : ကိုထွန်းအောင်ကျော် (ခ) ကိုထက်
(လှည်းတန်းမြို့နယ်)
(Email) : tak.dnu@gmail.com
(Phone) :.................... (Name) : မအေမီလွင် (စမ်းချောင်းမြို့နယ်)
(Email) : sisamielwin@gmail.com
(Phone) :..09420027043
ဘိုကလေးမြို့တာဝန်ခံ
(Name)မမိုးစန္ဒာဝင်း
(ဘိုကလေး)
(Email): moesandarwin.bgl.81@gmail.com
(Phone): 0943761424
(Name) သူသူအောင်
ဘိုကလေး
(Email): khinthuthuaung528@gmail.com
(phone): 0943761424
မြန်မာနိုင်ငံမှ အလှူရှင်များလာရောက်လှူဒါန်းလိုပါလျှင်-
-အောင်စွမ်းပြည့် အဲယားကွန်းဆားဗစ်စင်တာ တိုက်-5 အခန်း 004 ဘုရင့်နောင်လမ်းမကြီး ဘုရင့်နောင်တာဝါရှေ့ သင်္ဘောကျင်းမှတ်တိုင်နှင့် ဆင်မလိုက်အဝေးပြေးမှတ်တိုင်ကြားတွင် လာရောက်လှူဒါန်းနိုင်ပါသည်။
ဦးသန်းညွန့်အောင် (ဖုန်း 09-73902582)
သွားရောက်လှူဒါန်းမည့်နေ့ 30.09.2012 တနင်္ဂနွေနေ့
မနက် 6 နာရီတွင် အောင်စွမ်းပြည့် အဲယားကွန်းဆားဗစ်စင်တာမှ ကားများထွက်ခွာပါမည်။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Wednesday, September 26, 2012
(၁၄)ကြိမ်မြောက် တိလောကမုနိ ဘုရားပွဲတော် အစီအစဉ်
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
မြန်မာအသင်း(ကိုရီးယား)မှ ၁၉၉၈ခုနှစ်တွင် မြန်မာနိုင်ငံမှ ပင့်ဆောင်ပူဇော်ထားပြီး ကိုရီးယားနိုင်ငံ၏ ကောက်သစ်စားပွဲ ကျင်းပချိန် ချုးဆော့ ပိတ်ရက်တွင် ကျင်းပသည့် တိလောကမုနိ ဘုရားပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အတူတကွ ပါဝင်စဉ်နွှဲနိုင်ကြစေရန် အသိပေး နိုးဆော်အပ်ပါသည်။
ယခုနှစ် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ရွှေသင်္ကန်း ကပ်လှူနိုင်ရန်
(၁)ကိုအောင်ဖြိုးဝေ(ခ) ကရင်ကြီး = ဝမ် ၁ဝဝ,ဝဝဝ
(၂) ကိုအောင်မင်း = ဝမ် ၁ဝဝ,ဝဝဝ
(၃) ကိုမြတ်လင်းစိုး = ဝမ် ၁ဝဝ,ဝဝဝ
(၄) ကိုကောင်းဆက်နှင့် သူငယ်ချင်းများ = ဝမ် ၅ဝဝ,ဝဝဝ          အသီးသီး လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ဘုရားပွဲတော် ကျင်းပသည့် နေတွင်လည်း ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်း ကပ်လှူ ပူဇော်နိုင်ကြောင်း အသိပေးအပ်ပါသည်။
ဘုရားပွဲတော် အစီအစဉ်
နေ့ရက် = ၂ဝ၁၂ခုနှစ် စက်တင်ဘာ ၃ဝ(တနင်္ဂနွေ)
အချိန် = နေ့လည် ၁၂နာရီမှ ၄နာရီအထိ
နေရာ = ဘူချွှန်းမြို့ ဆော့ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
ဖျော်ဖြေရေး = မြန်မာသံတေးဂီတနှင့် အက၊ မျိုးချစ်မောင် ဒိုးပတ် ၊ The Mirrors Band၊ Rainbow Band အထူးအစီအစဉ်= မြန်မာအသင်း(ကိုရီးယား) ရံပုံငွေ အဖြစ် ပြုလုပ်သည့် ကံစမ်းမဲ အစီအစဉ်တွင်
                      ကွန်ပြူတာ(Note Book)၊ I Pad နှင့် တခြား ဆုများ ချီးမြှင့်မည် ဖြစ်ပါသည်။
ယခင်နှစ်များနည်းတူ အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းများမှလည်း အောက်ပါအတိုင်း စတုဒီသာ ကျွေးမွေးဧည့်ခံကြမည် ဖြစ်ပါသည်။
(၁) ဓမ္မဒူတ(ကိုရီးယား)= ငါးခြောက်ဖုတ်နှင့် ပဲပြုတ်ထမင်းဆီဆမ်း
(၂) မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား)= ဆီထမင်း
(၃) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ကိုရီးယား)= ဒိန်ချဉ်
(၄) မြန်မာ့အရေးလှုပ်ရှားမှု(ကိုရီးယား)= ကြာဇံချက်
(၅) မြန်မာစင်တာ= ကြက်သားဆန်ပြုတ်
(၆) ဂွမ်ဂျုးလူမှုရေးအသင်း= ခေါက်ဆွဲကြော်
(၇) အန်ဆန်းရှီဟွာ လူငယ်များ= ပလာတာ+လက်ဘက်ရည်
(၈) ရခိုင်အသင်း(ကိုရီးယား)= အအေးစုံ
(၉) မွန်အသင်း(ကိုရီးယား)= ဖျော်ရည်စုံ
(၁ဝ) ပြည်သူ့ဂုဏ်ရည်အသင်း(ကိုရီးယား)= အုန်းနို့ခေါက်ဆွဲ
(၁၁) အဖြူရောင်မေတ္တာလူငယ်များ= ကော်ရည်ခေါက်ဆွဲ
(၁၂) မိုးကြိုးလူငယ်များ= သီးစုံဖျော်ရည်
(၁၃) ကိုဝင်းကိုနှင့် သူငယ်ချင်းများ= ဗီယက်နမ် ဆန်ခေါက်ဆွဲ
(၁၄) Global Top= ဘယာကြော်သုပ်
လမ်းညွှန်= ရထားလိုင်း နံပါတ်(၁)ဆိုးလ်~အင်ချွှန်းလိုင်းရှိ ဆိုးဆာ(소사)ဘူတာတွင် ဆင်းပြီး
               ထွက်ပေါက် နံပါတ်(၃)မှ ဘတ်စ်ကားနံပတ် (၉၅)သို့မဟုတ် (၆ဝ)ဖြင့် ၂မှတ်တိုင်စီးပါက
               ဆော့ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်း မှတ်တိုင်သို့ ရောက်ပါသည်။
ဘုရားပွဲတော်နှင့် ပတ်သက်၍ သိရှိလိုသူများနှင့် လာရောက်ရန် အခက်အခဲ ရှိသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များထံ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဦးခင်မောင်ရင်= ဝ၁ဝ- ၂၇၈၈-၇၁၅၃
ဦးသန့်ဇင်အောင်= ဝ၁ဝ- ၉ဝ၅၄-၄၇၂၇
ဦးဝင်းမြင့်ဦး= ဝ၁၁-၂၉၂၉-၅၄၂
ဦးဝင်းနိုင်ဦး= ဝ၁ဝ- ၈၆၄၈-၄၅၃၃
ကိုဝင်းအောင်ကျော်= ဝ၁ဝ- ၂၅ဝ၇-၉၂၉၁
ကိုခင်မောင်ဝင်း= ဝ၁ဝ- ၉၉၃၈-၆၉၅၃
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
နဒီ မြန်မာ ထမင်းဆိုင်မှ ဖိတ်ခေါ်ပါသည်
ရေးသားသူ — နဒီ မြန်မာ ထမင်းဆိုင်
စက်တင်ဘာလ ၂၃ရက်နေ့က ဘူဖြောင်းတွင် စတင်ဖွင့်လှစ် ခဲ့သည့် မြန်မာပြည် အလွမ်းပြေ နဒီ မြန်မာထမင်းဆိုင်မှ ကိုရီးယား အစားအစာများပဲ စားသုံးနေရပြီး မြန်မာထမင်းဟင်းကို မြိန်ယှက်စွာ စားသုံးလိုသူ ကိုရီးယားနိုင်ငံရောက် ညီအကို မောင်နှမများအတွက် စတင်ဖွင့်လှစ်ရောင်းချသည့် နေ့မှ စပြီး နေ့စဉ် ရောင်းချပေးနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆိုင်ဖွင့်ချိန်- တနင်္လာမှ ကြာသပတေး (နံနက် ၁ဝနာရီမှ ည ၉နာရီထိ)
              - သောကြာမှ တနင်္ဂနွေ (နံနက် ၁ဝနာရီမှ ည ၁၂နာရီထိ)
ဆက်သွယ်ရန် - မဇာခြည်နိုင်(ပုံ့ပုံ့)- ဝ၁ဝ-၅၅၆ဝ-၉၂၇၉
                   - ကိုအေးအောင်  ဝ၁ဝ-၆၅ဝ၇-၉၂၇၉
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး ၏ ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် ၊ဓမ္မပူဇနိယ တရားပွဲအစီစဉ်များ(Schedule)
ရေးသားသူ — ရန်နိုင်ထွန်း(ပြန်ကြားရေး)
ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် မင်္ဂလာတိုက် မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ ဗုဒ္ဓ သာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး ၏ ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် အဖြစ် ကြွရောက်တော်မှု မည့် အချိန် ကာလအတွင်း ဗုဒ္ဓ သာသနာပြု ခရီးစဉ်များနှင့် ဓမ္မပူဇနိယ တရားပွဲအစီစဉ်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
၁။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက် စနေနေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင်
  အမေရိကန်နိုင်ငံ(Los Angeles) မှ   ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိတော် မှုမည်ဖြစ်ပြီး
၂။ စက်တင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့ တွင်
    ( က) နံနက် ၇ နာရီ အချိန်တွင် ဦးဇေမင်းအောင် မိသားစုနှင့် အဖွဲ့ု၏ အာရုဏ်ဆွမ်းကို ဘုန်းပေးတော်မှုကာ
    ( ခ ) နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင်  ကိုရီးယားတောင်-မြောက်နယ်နိမိတ်သို့ ခရီးသွားခြင်းနှင့်ဆိုလ်းမြို့
တော် အတွင်းသို့လှည့်လည်ခြင်း။
၃။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက် တနလာင်္နေ့တွင်
(က)နံနက်(၁၀)နာရီ တိတိ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ၏ နေ့ ဆွမ်း ဆက်ကပ်
ခြင်းအလှူကို လက်ခံ ဘုန်းပေးတော်မှုပြီးနောက်
(ခ)ကိုရီးယားနိုင်ငံသာသနာပြုဓမ္မခရီးစဉ်အတွင်း“လူမှူအဖွဲ့ အစည်း စုံညီစွာဖြင့် ဓမ္မပူဇနိယ အထူးတရား
ပွဲသဘင်” ကို မြန်မာအသင်း(ကိုရီးယား)၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ကိန်းဝပ် စံပါယ်တော်မှုသည့် (ဆော့ဂွမ်ဆာဗုဒ္ဓဘုရားကျောင်း) ဖူချွန်းမြို့ တွင် မွန်းတည့်(၁၁း၃၀)နာရီအချိန်တွင် ဟောကြားတော်မှုမည်ဖြစ်ပါသည်။
၎။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့တွင် ကိုရီးယားနိုင်ငံရောက် ရခိုင်လူငယ်များအသင်း၏ အာရုဏ်ဆွမ်း(ရခိုင်မုန့် တီနှင့်အချိုပွဲများ) ၊ နေ့ ဆွမ်း (ရခိုင်းရိုးရာထမင်းဟင်းလျှာ)များကိုဘုန်းပေးတော်မူပြီး
ဓမ္မပူဇနိယ တရားပွဲကို မြန်မာ ဗုဒ္ဓ သာသနာပြု ကျောင်းတော်-ကိုရီးယား တွင်၊နေ့လည်(၁နာရီ ၃၀မိနစ်) အချိန်တွင်လည်းကောင်း
၅။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၃)ရက် ဗုဒ္ဓဟူးနေ့ တွင်
ကိုရီးယားနိုင်ငံ ဗုဒ္ဓ သာသနာပြု ဓမ္မခရီးစဉ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ၏ တရားပွဲကို
(မြန်မာ ဗုဒ္ဓ သာသနာပြုကျောင်းတော်-ကိုရီးယား)တွင် နေ့လည် ၁ နာရီ ၃၀မိနစ်တွင် လည်းကောင်း
၆။၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၇) ရက် တနင်္ဂနွေနေ့ တွင်  ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့ တော်တရားပွဲကို
(ဖူဆန်မြို့ တော်) ပြည်တော်ဦး ဘုန်းတော်ကြီးကျောင်းအမှတ်(၂)တွင် နေ့ လည် (၁) နာရီအချိန်တွင် လည်းကောင်း
၇။၂၀၁၂ခုနှစ်၊အောက်တိုဘာလ (၁၄) ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၃၀မိနစ် အချိန်တွင်
   ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ်၏ နှုတ်ဆက်တရားပွဲအဖြစ်(မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်)တွင်
   လည်းကောင်း အစရှိသဖြင့် စီစဉ်ထားပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
           ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျား၊ ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဥ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ (DPTOC) နှင့် တရားပွဲကျင်းပရေးကော်မတီ( DPTPCC ) ကော်မတီနှစ်ရပ်စလုံးမှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နှင့်တွဲဘက်အတွင်းရေးမှူး ၊ ကျင်းပရေးအဖွဲ့ တာဝန်ခံများ၊ပြန်ကြားရေး၊ဘဏ္ဏာရေးနှင့်ရေးရာ ဌာနများ အလိုက်တာဝန်ခံများ၊ အကျိုးတော်ဆောင်အဖွဲ့ ဝင်များအစရှိသည့် ကူညီဆောင်ရွက်ပေးနေသူများ
အားလုံးသည်  ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာ အဖွဲ့အစည်းအသီသီးမှ အမျိုးဘာသာသာသနာအရေးအတွက် တူညီသောဆန္ဒဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည့် အဖွဲ့တစ်ဖွဲ့ တည်းသာဖြစ်ပြီး ဆရာတော်
ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ ကိုရီးယားနိုင်ငံသာသနာပြု ဓမ္မခရီးစဉ်၏ အကျိုးတော်ဆောင်များသာ
ဖြစ်ကြပါသည်။အားလုံးတူညီသောစိတ်၊ ခိုင်မာသောယုံကြည်ချက်များဖြင့်၊ ကုသိုလ်အရေးကိုပါဝင်ဆောင်ရွက်
ကြခြင်းဖြစ်ပါသည်။
                    ထို့အပြင် မြင်အပ် မမြင်အပ်သော အဘက်ဘက်မှ ၀ိုင်းဝန်းကူညီဆောင်ရွက် ကုသိုလ်ယူ
ကြသူအားလုံးအား ကော်မတီနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ မှ ကိုရီးယားနိုင်ငံ ဗုဒ္ဓသာသနာပြု
သမိုင်းတွင် ကျေးဇူးမော်ကွန်းတင် ကဗ္ဗည်းရေးထိုး မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
(မှတ်ချက်။   ။ဆရာတော်၏ ကိုရီးယားနိုင်ငံအနှံ့ တရားပွဲအစီစဉ်များနှင့် ခရီးစဉ်များမှာ ရက်များ အပြည့်ဖြစ်နေပါသဖြင့်၊ ဆရာတော်အား အာရုဏ်ဆွမ်း/နေ့ ဆွမ်း လှူဒါန်းလိုသူများ၊တရားပွဲကျင်းပသည့် အလှူရှင်များသည် ကော်မတီသို့  တိုက်ရိုက်ဆက်သွယ်၍ အချိန်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပါဝင်ယူကြပါရန် နိဗ္ဗာန်အကျိုးမျှော်ပြီး၊နှိုးဆော်တိုက်တွန်းအပ်ပါသည်။) 
(၁)  ကိုဆန်းထွန်း (ဥက္ကဋ္ဌ) ….. 010-8477-7397
(၂)  ကိုစောလှိုင်မျိုးသိန်း (အတွင်းရေးမှူး)…….010-4997-4771
(၃)  ကိုခင်မောင်ရင် (တာဝန်ခံ) …………010-2788-7153
(၄)  ကိုစောကျော်သက်ထွန်း (တွဲဘက်အတွင်းရေးမှူး) ………010-6492-9733
(၅)  ကိုရန်နိုင်ထွန်း (ပြန်ကြားရေး)……..010-8723-4773
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
ခပ်သိမ်းသော အလှူတို့တွင် ဓမ္မအလှူသည် အမြတ်ဆုံးဖြစ်သည်၊၊
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Tuesday, September 25, 2012
တို့ ပိုင်တဲ့မြေ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်
ရေးသားသူ — တို့ ပိုင်တဲ့မြေ
တို့ ပိုင်တဲ့မြေ ရဲ့မိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ
ချုဆော့ဂ် ရွှေရောင်ပိတ်ရက်ရှည်ကာလ မှ စတင်ပြီး ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။ ပိတ်ရက်အထူးအစီအစဉ်အဖြစ် ဘဲကင် ၊ ဆိတ်သားလုံးကြော်၊ ပြည်ဒန်ပေါက်၊ ပန်းသေးခေါက်ဆွဲ ၊ ကြေးအိုး ၊ အထူးစပါယ်ရှယ် နှင့်အတူ အခြားအမျိုးစုံသော ဟင်းလျာများကို KTV နဲ့ သော်လည်းကောင်း unplugged စစ်စစ် တီးခတ်ရင်းဖြင့်သော်လည်းကောင်း ၊ အပမ်းဖြေစားသုံးနိုင်ရန် ပြင်ဆင်ထားပါတယ်။
လေယဉ်လက်မှတ်နဲ့  ဖုန်းဝန်ဆောင်မှု ကွန်ပြူတာ ၀ယ်ကူလိုသူများ အနေဖြင့်လည်း ဖုန်းနဲ့ လိပ်စာ ပေးရုံမျှ ဖြင့် စက်ရုံအရောက် ပေးပို့ ဝန်ဆောင် နေပြီ ဖြစ်ပါတယ်။
unplugged နဲ့  အထူးအစားအစာများ စားသုံးလိုပါက အော်ဒါ ကြိုတင်မှာကြားစေလိုပါတယ်ခင်ဗျာ။
ချစ်ခင်လေးစားစွာ ဖြင့်-
တို့ ပိုင်တဲ့မြေမိသားစု
070-4111-7019
010-8714-7019
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ဆန်မျိုးစုံနှင့် ဂျပန်ကီမိုနိုဒီဇိုင်းမျိုးစုံကို ဖုန်းဖြင့်မှာယူနိုင်ပြီ
ရေးသားသူ — မမေရီ
(ဆန်ဖြစ်စေ။ ကီမိုနိုဖြစ်စေအော်ဒါလုပ်တဲ့အခါတိကျသည့်လိပ်စာကိုဖုန်းဖြင့်ကိုးရီးယားလိုမက်ဆေ့ဂ်ျပို့ပေးပါ။။ ပူဆန်း။ ကင်မ်ဟဲ။ ဒဲဂူး အစရှိသည့်ကိုးရီးယားနိုင်ငံအနံ့မည်သည့်နေရာမဆိုပါဆယ်ပို့ပေးသည်။။ ကီမိုနိုပါဆယ်ပို့ခ ဝမ် ၄ဝဝဝခန့်ကုန်ကျပါမည်။ ဘဏ်နှင့်ဝေးနေသူများ ကျသင့်ငွေအား စနေ။ တနင်္ဂနွေနေ့မျာ့းပို့ပေးပါ။။ “မှာယူသူနှင့်ဘဏ်မှငွေလွဲပေးမည့်သူအမည်”မတူပါက ကြိုတင်ပြောပြပါရန်။)
အမေရိကန်ဆန် -
အမေရိကန်နိုင်ငံ။ ကယ်လီဖိုးနီးယားပြည်နယ်မှစိုက်ပျိုးထုတ်လုပ်သော( Grade-1) အဆင့်ရှိဆန်ဖြစ်ပါသည်။။ ကိုးရီးယားဆန်လောက်မစေးပါ။။ မြန်မာများအကြိုက်ဖြစ်ပါသည်။
ထိုင်းဆန် -
ဆန်စေးမကြိုက်သူများနှင့်။ ဒံပေါက်နှင့်ထမင်းကြော်အတွက်အထူးသင့်လျော်သည့်ဆန်ဖြစ်ပြီး။ ကစီဓါတ်(သကြားဓါတ်)ပါဝင်မှုနည်းပါးသောကြောင့်ဆီးချိုသမားများနှင့်။ မဝလိုသူများ စားသုံးသင့်သည့် ဆန်ဖြစ်သည်။။ အဟာရဓါတ်ပါဝင်နှုန်း နည်းပါးပါသည်။။ အမေရိကန်ဆန် (သို့မဟုတ်) ကိုးရီးယားဆန်များနှင့် ရောစပ်ပြီးချက်စားရင်လည်း မြန်မာဆန်အရသာမျိုးနှင့်ရနိုင်ပါသည်။
ဂျပန်ကီမိုနို -
အရည်အသွေးကောင်း။ အဆင်ဆန်းဂျပန်ကီမိုနိုများကိုဈေးနှုန်းချိုသာစွာဖြင့်လက်လီ။ လက်ကားရောင်းချနေပါသည်။။ အရောင်နံပတ်တွေကိုကြည့်ပြီး ဖုန်းနှင့်မှာယူနိုင်ပါသည်။။ ကိုယ်တိုင်အရောင်ရွေး လိုသူများလာရောက်ရွေးယူနိုင်ပါသည်။ သူငယ်ချင်းများနှင့်ဆုပေါင်းပြီး အထည် ၂ဝပြည့်အောင်ဝယ်လျှင် ဖေါက်သည်ဈေးနှုန်းဖြင့်ရနိုင်သည့်အကြောင်းသတင်းကောင်းပါးလိုပါသည်။
လက်လီ။ လက်ကား ရောင်းဈေးနှုန်း (ထမီ၂ ကိုက်စီ ဝမ် ၁၁ဝဝဝ မှ ၁၅ဝဝဝ ကြား - ဝမ်းဆက် ၃ကိုက်တစ်မတ် ဝမ်၂၁ဝဝဝ မှ ၂၅ဝဝဝ ကြား)
ကီမိုနိုဆိုတာကတော့မြန်မာအမျိုးသမီးတိုင်းအတွက်။ရိုးအီလိုဏ္ဍမသွားနိုင်တဲ့ဂျပန်ရိုးရာပိတ်စတစ်မျိုးဖြစ်သည်။။ ထမီတမျိုးတည်းချုပ်ပြီး လိုက်ဖက်တဲ့အင်္ကျီနှင့်ဝတ်ရင်လည်း လှပသလို။ ဝမ်းဆက်ချုပ်ဝတ်ရင် အများနှင့်မတူတဲ့ လှပမှုကိုပေါ်လွင်စေပြီး အခမ်းအနား။ ပါတီပွဲမျိုးစုံဝတ်ဆင်နိုင်သည့် ပွဲတိုးပိတ်စတစ်မျိုးဖြစ်ပါသည်။။ အထူးသ ဖြင့် ချစ်ညီမ။ အစ်မ။ ဇနီး။ မိခင်။ အဒေါ်။ ဖွားဖွား။ ဆရာမများနှင့်။ကျေးဇူးရှင်ကတော်ကြီးများအတွက် ကိုးရီးယားမှပို့ပေးနိုင်သည့်။ အကောင်းဆုံးနှင့်အသင့်တော်ဆုံးမေတ္တာလက်ဆောင်မွန်ဖြစ်ပါသည်။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Monday, September 24, 2012
ချူဆောက်ပိတ်ရက် စုပေါင်းရဟန်းဝတ်ပွဲ၊ တရားပွဲနှင့် အလှူပွဲများ ဖိတ်ကြားခြင်း
ရေးသားသူ — Cittasukha Myanmar Monastery 
 ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံ၊ ချူဆောက်ပိတ်ရက် ကာလအတွင်း စိတ္တသုခကျောင်းတော်တွင် စုပေါင်းရဟန်းဝတ်ပွဲများ၊ တရားပွဲများနှင့် အလှူပွဲများကို အများပေါင်းစုကာ ကျင်းပပြုလုပ်ကြမည် ဖြစ်ပါသဖြင့် အားလပ်ရက်တွင် ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် စိတ္တသုခ၏ အလှူပွဲများသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။   
အစီအစဉ်များ  
- ၂၈-၉ -၂၀၁၂ ရက်၊ သောကြာနေ့ ည ၉ နာရီ = စုပေါင်း ကိုရင်ဝတ်ခြင်း 
- ၂၉-၉ -၂၀၁၂ ရက်၊ စနေနေ့ = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် စုပေါင်းသိမ်တက်ခြင်း 
- ၃၀-၉ -၂၀၁၂ ရက်၊ တနင်္ဂနွေနေ့ = ထယ်ဂယောင်ဆန်အော့ (태경산업) ညီအစ်ကိုများ၏ ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ  
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ)  
- ၁-၁၀-၂၀၁၂ ရက်၊ တနင်္လာနေ့ = ကွယ်လွန်သူ ဖခင်ကြီးအား ရည်စူး၍ သားဖြစ်သူ ကိုဝင်းနိုင်ဦး (ကျောင်းအကျိုးဆောင်အဖွဲ့)၏ လလည် ရည်စူးကုသိုလ်ထူး ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ  
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ) 
၂-၁၀-၂၀၁၂ ရက်၊ အင်္ဂါနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
၃-၁၀-၂၀၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
 နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း   
မှတ်ချက်။ အလှူရှင်များ၏ အလှူကိစ္စအဝဝနှင့် ဒုလ္လဘ ရဟန်းများ၏ ဆွမ်းကွမ်းကိစ္စ အဝဝကို စိတ္တသုခကျောင်း ဝေယျာဝစ္စ အဖွဲ့ဝင်များမှ တာဝန်ယူဦးဆောင်ကာ ကုသိုလ်ယူကြမည် ဖြစ်ပါသဖြင့် အာဟာရဒါန၊ လုပ်အားဒါန ပြုလုပ်လိုသူများ အနေဖြင့် ပိတ်ရက်များတွင် ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ တစ်နိုင်တပိုင် ပူပေါင်းပါဝင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Sunday, September 23, 2012
ကေဘီမာစတာကတ် ကောက်ရထားသည်
ကိုဇေယျာစိုး ၏ ကေဘီမာစတာကတ် ကောက်ရထားပါသည်။
ဆက်သွယ်ပါရန်-
၀၁၀-၃၇၁၉-၂၄၇၄
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ကင်ဆာအမျိုးမျိုးဖြစ်ပွါးစေသည့် ကွမ်းယာအထုပ်ငယ်များ ရောင်းချခြင်း စီစစ်တားမြစ်သင့်
ရေးသားသူ — မြတ်မိုးကျော်(မြစ်မခ)
(ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ)
အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင် ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။
ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။
အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။
“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။
အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင် ပိတ်ပင်တားဆီးခဲ့သည်။
ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။
ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။
“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ” ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။
စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။
အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
လှိုင်သာယာမြို့နယ်အသင်း(ကိုရီးယား) ဖွဲ့စည်းမည်
ကိုရီးယားနိုင်ငံ လူထုအသင်းအဖွဲ့တစ်ခုက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (စီးပွါး-လူမှု-ပညာ-ကျန်းမာ) တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများ အတူတကွပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ကိုရီးယားနိုင်ငံရောက် လှိုင်သာယာမြို့သားများအား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များ(ယာဉ်မောင်း စက်ပြင် စသည့် သက်မွေးသင်တန်းများ) ပူးပေါင်း လေ့ကျင့် ဆောင်ရွက်ပေးလိုကြောင်း ဆန္ဒပြု ဖိတ်ခေါ် လာပါသည် ။
အဆိုပါဖိတ်ခေါ်ချက်အား စနစ်တကျတု့န်ပြန်နိုင်ရန် နှင့် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အလို့ငှာ ကိုရီးယားနိုင်ငံရောက် လှိုင်သာယာမြို့သားများနှင့် လှိုင်သာယာမြို့နယ်အရေး စိတ်ပါဝင်စားသူများစုစည်းလျက် လှိုင်သာယာမြို့နယ်အသင်း (ကိုရီးယား)ကို အောက်ပါအစီအစဉ် အတိုင်း ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်၊ စိတ်ပါဝင်စားသူများအား လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်-
ရက်စွဲ-
၂၀၁၂ခုနှစ် ၊ စက်တင်္ဘာလ ၂၉ ရက် (စနေ)(ချူးဆောက်ပိတ်ရက်)
အချိန်-
နေ့လည် ၂ နာရီမှ ၄ နာရီ
နေရာ-
မြန်မာဆင်တာ (ကိုရီးယား)
ဆက်သွယ်ရန်-
၀၁၀-၂၃၃၁-၂၄၅၇
မှတ်ချက် ။
လှိုင်သာယာမြို့နယ် (ကိုရီးယား) ဖြစ်မြောက်ရေး စိတ်ပါဝင်စားသူများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည် ။
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Saturday, September 22, 2012
ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်
ဆောအူးလ် ၊ စက်တင်္ဘာ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- အောက်တိုဘာ ၁ ရက် ၊ တနင်္လာနေ့ (ချူးဆောက်ပိတ်ရက် ဒုတိယနေ့)
သင်တန်းအချိန်
- နေ့လည် ၂ နာရီမှ ည ၈ နာရီ ထိ
- ညနေစာ အခမဲ့ ကျွေးမွေးပါမည်
- နေ့လည် ၁၂ နာရီ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
ကိုရီးယား ချူးဆောက် (၂၀၁၂) မြန်မာပွဲ လက်မှတ်များ ကြိုတင်ရောင်းချပေးနေပါပြီ
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ စိတ်ပင်ပမ်းမှုများဖြေလျှော့နိုင်ရန်နှင့် မြန်မာကိုရီးယားယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် ၊ လာမည့် ချူးဆောက် ပွဲတော်ကာလတွင် မြန်မာဆုံဆည်းရာ မိသားစုက စီစဉ်တင်ဆက်မည့် မြန်မာအငြိမ့်နှင့် ဂီတပွဲတော် လက်မှတ်များကို ယနေ့မှ စတင်၍ ကြိုတင် ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် -
ပွဲတော် နေရာ
Incheon Royal Hotel, Grand Hall
September 30, 4:00PM to 8:00 PM
လမ်းညွှန်-
Ganseog-o-geori Station, Exit 3
(အင်ချောန်းမြေအောက်ရထားလိုင်း ၊ ဘူဖြောင်းဘူတာမှ ၃ ဘူတာမြောက်)
ကြိုတင်လက်မှတ်ဝယ်ယူရန်-
- ဆုံဆည်းရာမြန်မာစတိုး(ဘူဖြောင်း)-၀၁၀-၂၇၀၇-၃၂၃၆
- ရွှေမြို့သူမြန်မာစတိုး(ဂင်မယ်း)-၀၁၀-၉၉၀၇-၉၉၄၁
လက်မှတ်နေရာပြဇယား-
မှတ်ချက် ။
A နှင့် B နေရာများမှာ ဝမ်ခြောက်သောင်းဖြစ်ပြီး ၊ C, D, E နှင့် F နေရာများမှာ ဝမ် ငါးသောင်းစီဖြစ်ပါသည် ။
လေးစားခင်မင်မှုဖြင့်-
ဆုံဆည်းရာ မိသားစု
၂၀၁၂ စက်တင်္ဘာ ၁၅
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Friday, September 21, 2012
Teletalki ချူးဆောက် မေတ္တာလက်ဆောင်ဖုန်းများ ကြိုတင်မှာကြားထားနိုင်ကြပါပြီ
စက်တင်္ဘာ ၂၁ ၊ အင်ချောန်း
ချူးဆောက် ပိတ်ရက် အထူး အစီအစဉ်အဖြစ် ကမ္ဘာသူကမ္ဘာသားများ အားလုံး အတွက် တယ်လီတော်ကီက KT, SK နှင့် LG ဖုန်း(3G - Handset) များကို မေတ္တာလက်ဆောင် အဖြစ် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း နှင့် မေတ္တာလက်ဆောင်ဖုန်းများကို ယနေ့မှစ၍ ကြိုတင်မှာကြားထားနိုင်ကြပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊
[မေတ္တာလက်ဆောင်ဖုန်းမိုဒယ်များ ဤနေရာတွင် CLICK ရှုပါရန်]
ထို့အပြင် ချူးဆောက်ပိတ်ရက်ကာလ(စက်တင်္ဘာ ၂၉ ၊ ၃၀ ၊အောက်တိုဘာ ၁ ၊ ၂ နှင့် ၃) အတွင်း Samsumg Galaxy S3,Samsung Galaxy Note , Samsung Galaxy HD LTE , Samsung S2 ,Samsung Galaxy S နှင့် ဆမ်ဆောင်း ဖုန်းအမျိုးမျိုး ၊ Apple, Sky(Pantex), LG, Samsung, Ever, Nokia စသည့် လက်ကိုင်ဖုန်းအမျိုးမျိုးတို့ကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊
သတင်းအတိုအထွာ-
- ဖုန်းဝယ်ယူခြင်းမပြုမှီ ကြိုတင်၍ လိုင်းဖွင့်ပေးနေပါသည် ။
- (ကိုရီးယားပြည်တွင်း) ရပ်ဝေးမှ ပုဂ္ဂိုလ်များနှင့် မြန်မာပြည်မှ ကိုရီးယားသို့ လာရောက်မည့် ပုဂ္ဂိုလ်များအတွက် အထူးအစီအစဉ်အဖြစ် မိတ်ဆွေတို့ကြိုက်နှစ်သက်ရာလိုင်းတွင် ကြိုက်နှစ်သက်ရာ နံပတ်များကြိုတင်မှာကြားထားနိုင်ပါသည် ။
- အဝေးမှ ကြိုတင်မှာကြားသူများ ဈေးနှုန်းမမေးပါနှင့် ၊ လူကိုယ်တိုင်ရောက်လာမှသာ ကြိုက်ရာ ဖုန်း ကိုရွေးချယ် ညှိနှိုင်းဝယ်ယူနိုင်ပါသည် ။ (မကြိုက်လျင် ငွေပေးချေဖို့မလိုပါ ။)
- အီးပီများအတွက် လိုင်းဖုန်းများကို အရစ်ကျပေးစနစ်ဖြင့်လည်း ရောင်းချပေးနေပါသည် ။
အပြောမဟုတ် အလုပ်ဖြင့် ဝန်ဆောင်မှုပေးနေသော-
Teletalki
Mobile: 010-2331-2457
Fax: 032-425-2457
Mail:teletalki2011@gmail.com
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
Thursday, September 20, 2012
အလုပ် ကြော်ငြာ
အလုပ်လုပ်ဖို့ လူတယောက်လိုနေပါတယ်
ယုံအင်း စပါးသန့်စက်ရုံ
ပါဗီဇာ မရှိသူများ အတွက်သာ
အသေးစိတ် သိလိုသူများ စုံစမ်းမေးမြန်းနိုင်ပါတယ်
ဆက်သွယ်ရန် ဖုန်း ၀၁၀ ၈၆၉၆ ၅၆၀၅
ရွေခံရှိသည်
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>
GOLDEN Molbile Store ၏ ချူးဆောက် ပိတ်ရက် အထူးအစီအစဉ်
ရေးသားသူ — GOLDEN Molbile Store
မေတ္တာလက်ဆောင် ပေးမည့် ဖုန်းများ
GOLDEN Molbile Store မှ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ၊ အီးပီလုပ်သားများ အတွက် ချူးဆောက် ပိတ်ရက် အထူး အစီအစဉ်အနေဖြင့် KT,SK ဖုန်း(3G - Handset) များကို မေတ္တာလက်ဆောင် အဖြစ် ဖြန့်ဝေပေးနေကြောင်း လေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ၊၊
ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည့် GSM ဖုန်းများ
Samsumg S3,Samsung Galaxy Note , Samsung Galaxy S2 LTE , Samsung Galaxy HD LTE , Samsung S2 ,Samsung Galaxy ဖုန်းအမျိုးမျိုး ၊ Sky, LG, Samsung, Ever ဖုန်းအမျိုးမျိုးနှင့် မြန်မာနိုင်ငံတွင် အသုံးပြုလို့ရသည့် (GSM) ဖုန်းများကို ဝမ် တစ်သောင်းတန် မှစပြီး ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊
ဖုန်းဝယ်ယူပြီး ၅မိနစ် အတွင်း ဖုန်းလိုင်းအား ဆက်သွယ်ပေးသည့် ဝန်ဆောင်မှု ဆောင်ရွက်ပေးပါသည်။
တန်ဖိုးထားလေးစားစွာဖြင့်
GOLDEN Molbile Store
010 4758 6788
ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>